Computer နည်းပညာ ၀ါသနာရှင်၊ ပညာရှင်များ လိုက်နာရန်။
Computer နည်းပညာရပ်များ မှာ သာမန် အခြေခံအား ဖြင့် လွယ်ကူသည် ဟု ထင်ရသော်လည်း၊ ခက်ခဲရှုပ်ထွေး တတ်ပေသည်။ ထို့ကြောင့် လိုအပ်သည့် အခက်အခဲများ အား ကူညီ ဖြေရှင်းပေးရင်း၊ မန်ဘာ အားလုံး အဆင်ပြေစေရန် နှင့် စနစ်တကျဖြစ်စေရန် စည်းကမ်း ချက် များအား လိုက်နာပေးခြင်းဖြင့် ပူပေါင်းကူညီပေးကြပါ။
(၁) Computer နည်းပညာ အလိုက် ခွဲထားသည့် သက်ဆိုင်ရာ Board များ တွင်သာ Topic ၊ Post များ တင်ရန်ဖြစ်သည်။
(၂) မိမိမတင်ခင်၊ Software များ အား Board များ ၏ ထိပ်ဆုံး ရှိ မာတိကာ များတွင် ကြည့်ရှုကာ တင်ထားပြီး ရှိ၊ မရှိ အရင် စစ်ဆေး ပေးရန် လိုအပ်ပြီး၊ မရှိမှ သာ လျှင် Topic အသစ်ဖွင့် ရန်ဖြစ်သည်။
(၃) Software, Drivers များ တင်ရာတွင် နည်းပညာ တစ်မျိုး အတွက် Topic ခေါင်းစဉ် တစ်ခု သာ ဖွင့်ရန်ဖြစ်ပြီး၊ မတူညီသည့် Version များ အား သက်ဆိုင်ရာ Topic တွင်သာ Post အသစ် ထပ်တိုး ဖေါ်ပြရန်ဖြစ်ပြီး၊ Version အသစ်အတိုင်းအတွက် Topic အသစ်ထပ်ဖွင့်ခြင်းများအား ခွင့်မပြုပါ။
(၄) ဆွေးနွေးချက်များ အတွက် နည်းပညာ ဆွေးနွေးချက် Board များတွင် သက်ဆိုင်ရာအလိုက် ဆွေးနွေး နိုင်ပြီး၊ အကူအညီ တောင်းခံမှုများ အား အကူအညီ တောင်းခံသည့် သီးခြား Topic တွင် သာ မေးမြန်း အကူအညီတောင်းခံနိုင်သည်။
(၅) မြန်မာနိုင်ငံ နှင့် သက်ဆိုင်သည့် Software များ တင်ရာတွင် နည်းပညာ မူပိုင်ခွင့်အရ၊ ခွင့်မပြုထားပါက၊ ဖေါ်ပြခွင့် မပြုပါ။ ကူးယူဖေါ်ပြခွင့်၊ တင်ခွင့်ရှိပါကလည်း Credit ပေး ဖေါ်ပြရန် လိုပေသည်။
(၆) အခြား ဆိုင်မှ ပြင်ဆင်တည်းဖြတ်ထားသည့် ပိုစ့်များ ကူးယူ ဖေါ်ပြပါက Credits ပေး ဖေါ်ပြရမည်ဖြစ်ပြီး၊ မိမိဆိုင် မှ အခြားဆိုင် (ဖိုရမ်) များ တွင် ဖြန့်ဝေလိုပါကလည်း Credits ပေး ဖေါ်ပြရန် လိုအပ်ပေသည်။
(၇) အခြား နိင်ငံမှ Software များ အား ဖေါ်ပြရာတွင် မူပိုင်ခွင့်အရ ဖြတ်သိမ်းပေးရန် တောင်းဆိုလာပါက မည်သည့် Customer (မန်ဘာ) ၏ ပိုစ့် ဖြစ်စေ၊ လိုအပ်သလို ပြင်ဆင်တည်းဖြတ်ခြင်း၊ ဖြတ်သိမ်းခြင်းများ အား ဆောင်ရွက်မည်ဖြစ်သည်။
(၈) လိုအပ်သည့် ပိုစ့်များ အား Links များ ပြောင်းလဲ လိုပါက Link Exchange တွင်သာ မိမိတောင်းဆိုလိုသည့် ပိုစ့်များအား ကူးယူဖေါ်ပြပြီး တောင်းဆို နိုင်သည်။
(၉) အငြင်းပွားဖွယ်၊ ပိုစ့်များ၊ အသုံးပြု မရတော့သည့် လင့်များ (Dead Links) များတွေ့ရှိပါက အချိန် မရွေး ဖြတ်သိမ်းခြင်း၊ ပြင်ဆင် ထဲ့သွင်းခြင်းများ အား လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်သည်။
(၁၀) နည်းပညာ ဆိုင်ရာ ဆွေးနွေးမှုများတွင် မကျေလည်မှုများ ရှိပါက ဖိုရမ် အုပ်ချုပ်သူ များထံ PM ပိုစ့်တင်ပြပြီး ရှင်းလင်း ဆွေးနွေးနိုင်သည်။
တိုးတက်မှု လျှင်မြန် နေသည့် နည်းပညာ ကမ္ဘာကြီးတွင် တီးရှော့ Customer (မန်ဘာ) များ ကမ္ဘာ နှင့် ရင်ဘောင်တန်း လို့ နည်းပညာ အသစ်များ အစဉ်ရရှိနိုင်ကြပါစေ။မြန်မာတီးရှော့ ဖိုရမ် အုပ်ချုပ်မှု အဖွဲ့