Author Topic: ဘာသာရေး စကား ၀ိုင်း မှ Customer (မန်ဘာ) များ သို့ ပန်ကြားလွှာ (Read 1380 times)

0 Members and 1 Guest are viewing this topic.

May 03, 2011, 12:48:05 AM
  • သင်ကျေနပ်မှု မရှိက ကျွန်ုပ်တို့ကို ပြောပါ။ သင်ကျေနပ်ပါက သင့်သူငယ်ချင်းကို ပြောပါ။
  • Retired Administrator
  • **
  • Thank You
  • -Given: 2975
  • -Receive: 3329
  • Join Date: 26 Mar 2011
  • Posts: 244
  • Credit : 2193 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • (T)ogether (E)veryone (A)chieves (M)ore
    • Myanmar Teashop
ဘာသာရေး စကားဝိုင်းမှ Customer (မန်ဘာ) များ သို့ ပန်ကြားလွှာ


မြန်မာတီးရှော့ဖိုရမ်သည် Customer (မန်ဘာ) များ၏ စုစည်းမှုအားဖြင့်ရပ်တည်ပြီး အားလုံး၏ပျော်ရွှင်မှု၊ ညီညွတ်မှုတို့စုစည်းတည်ရှိရာ လွတ်လပ်ပျော်ရွှင်ဖွယ်ရပ်ဝန်းဖြစ်စေရန် အစဉ်ကြိုးပမ်းလျက်ရှိပေသည်။

ထိုသို့ ဆောင်ရွက်စဉ် Customer (မန်ဘာ) များ၏ စည်းလုံး ညီညွတ်မှုအား ထိခိုက်စေနိုင်သည့် ဘာသာရေးဆိုင်ရာ အငြင်းပွားမှု၊ ပြဿနာများမဖြစ်ပွားစေရန် ဘာသာရေး ဆိုင်ရာ ဆွေးနွေးတင်ပြသူများအတွက် စည်းကမ်းချက်များအား လိုက်နာပေးခြင်းဖြင့် ပူပေါင်းကူညီပေးကြပါ။

(၁) ဘာသာရေး၊ စကားဝိုင်းတို့တွင် မိမိယုံကြည်ကိုးကွယ်ရာအတိုင်းသာ အပြုသဘောဆောင်စွာဖြင့် ရေးသားနိုင်ပြီး၊ မိမိနှင့်မသက်ဆိုင်သည့် အခြားဘာသာ၊ သာသနာ များအား နည်းအမျိုးမျိုးဖြင့်ပုတ်ခတ်ပြောဆိုခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ ဖန်တီးလုပ်ဆောင်ခြင်းများအား ခွင့်မပြုပါ။

(၂) မိမိယုံကြည်ကိုးကွယ်မှု၏ အထွက်အမြတ်ထားရာ မြတ်စွာဘုရား၊ ဘုရားသခင်၊ ဘုရား၊ တမန်တော်၊ အရှင်သခင်၊ စသဖြင့် ယုံကြည်ကိုးကွယ်ရာအလိုက်၊ ဘာသာရေးဆိုင်ရာ အမြင့်ဆုံးခေါင်းဆောင်များ၏ လမ်းညွန်ပြသချက်များသည်သာ အဆုံးအဖြတ်အတည်ဖြစ်ပြီး၊ သွေဖီဆန့်ကျင့်သည့်အယူအဆများ နှင့် ထပ်မံတိုးမြင့်ပြောဆိုခြင်း၊ စော်ကားမှုများအား ခွင့်မပြုပါ။

(၃) မိမိအယူဝါဒအသစ်အား ထုတ်ဖေါ်ပြောဆိုလိုပါက သီးခြားဘာသာ အယူဝါဒအသစ်တစ်ခုအဖြစ်သာ ရပ်တည်ပြောဆိုနိုင်သည်။ တည်ရှိပြီး အယူဝါဒများအား ပြောင်းလဲပြီး၊ အယူဝါဒအသစ်များဖြင့် အစားထိုးရေးသားပြောဆိုခြင်းများအား ခွင့်မပြုပါ။

(၄) အခြားဘာသာဝင်များအား ကဲ့ရဲ့လှောင်ပြောင်ခြင်း၊ သရော်ခြင်း၊ ပုတ်ခတ်ရေးသားခြင်း၊ မထီမဲ့မြင်ပြုလုပ်ခြင်းများအား ခွင့်မပြုပါ။

(၅) ဘာသာရေးဆိုင်ရာ ဆွေးနွေးချက်များအား၊ Our Religion Board တွင် မိမိနှင့်သက်ဆိုင်သည့် ဘာသာအလိုက် သီးခြားခေါင်းစဉ် တော့ပစ်များတွင်သာ အပြုသဘောဖြင့် ဆွေးနွေးပြောဆိုရမည်ဖြစ်သည်။ အခြား Board စကားဝိုင်းများအတွင်း ထဲ့သွင်းဆွေးနွေးခြင်းများအား ခွင့်မပြုပါ။ (အခြား Board စကားဝိုင်းများအတွင်း တွေ့ရှိပါက အချိန်မရွေးရွေ့ပြောင်းခြင်း၊ ဖြတ်သိမ်းခြင်း၊ ပြင်ဆင်ခြင်းများအား လိုအပ်သလိုစီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။)

(၆) အခြားဆိုင်မှကူးယူဖေါ်ပြပါက Credits ပေးဖေါ်ပြရမည်ဖြစ်ပြီး၊ မိမိဆိုင်မှအခြားဆိုင် (ဖိုရမ်) များတွင် ဖြန့်ဝေလိုပါကလည်း Credits ပေး ဖေါ်ပြရန်လိုအပ်ပေသည်။

ဘာသာရေးအဓိကရုဏ်း၊ အငြင်းပွားမှုများမဖြစ်ပေါ်စေရန် အထူးသတိထားရေးသားဖြန့်ဝေကြပါရန်နှင့် Customer (မန်ဘာ) များ၏ စည်းလုံးညီညွတ်မှုအား ထိခိုက်စေနိုင်သည့်ပိုစ့်များ၊ တောပစ်များတွေ့ရှိပါက မည်သည့်မန်ဘာအဆင့်၊ မည်သည့်ဘာသာဝင်မှ ပိုစ့်၊ တောပစ်များကိုမဆို ၊ ဖိုရမ်ထိန်းသိမ်းအုပ်ချုပ်မှုအဖွဲ့မှ အချိန်မရွေး၊ ဖြတ်သိမ်းခြင်း၊ တည်းဖြတ်ခြင်း၊ ပြင်ဆင်ခြင်းများအားစီစဉ်သွားမည်ဖြစ်ပြီး၊ လိုအပ်သလိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်သွားဖြစ်ကြောင်း သိစေအပ်ပါသည်။



မြန်မာတီးရှော့ဖိုရမ်အုပ်ချုပ်မှုအဖွဲ့