Author Topic: Sports Club အတွင်း လိုက်နာရန်စည်းကမ်းများ (Read 1413 times)

0 Members and 1 Guest are viewing this topic.

April 22, 2011, 02:35:51 PM
  • Retired Moderator
  • *
  • Thank You
  • -Given: 1445
  • -Receive: 629
  • Join Date: 11 Apr 2011
  • Posts: 73
  • Credit : 635 $
  • View Inventory
  • Send $/Gift
  • Gender: Male
 
Sports Club အတွင်း စားသုံးသူ မန်ဘာများအဆင်ပြေ ၊ ပျော်ရွှင်စေရန် အတွက် Sport Club တာဝန်ခံ Waiters များမှ အောက်ပါ စည်းကမ်းချက်အနည်းငယ်ကို သတ်မှတ်ထုတ်ပြန်ထားပါသည်။ လက်ဖက်ရည်ဆိုင်၏ စားသုံးသူ ဖောက်သည်များအားလုံး အဆင်ပြေတက်ကြွစွာဖြင့် လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအတွင်း ပါဝင်စီးမြော နိုင်ကြပါစေခင်ဗျာ ။
 
Sports Club အတွင်း လိုက်နာရန်စည်းကမ်းများ

(၁)
မိမိတင်ပြချင်သော သတင်းအတွက် သက်ဆိုင်ရာ အသင်း၏ Topic အောက်တွင်သာ တစ်ပေါင်းတစည်းတည်း တင်ပြပေးရန်။
 
(၂)
မိမိကိုယ်တိုင်ဖွင့်ချင်သော Topic ရှိလာပါက ဆိုင်အတွင်း ရှိမရှိ စစ်ဆေးပြီး၊လိုအပ်ပါမှ Topic အသစ်ဖွင့်ရန်။
အကယ်၍ ရှိနှင့်ပြီးသား တော့ပစ်နှင့် ဆင်တူလျှင်သော်လည်းကောင်း၊တင်ပြသောအကြောင်းအရာတူနေလျှင်

သော်လည်းကောင်း သိမ်းဆည်းခြင်း၊ နေရာရွှေ့ပြောင်းခြင်းပြုမည်ဖြစ်၍ သဘောထားကြီးစွာ နားလည်ပေးကြပါ။

(၃)
မိမိတင်ပြချင်သော ပို့စ်များသည် ကိုယ်ပိုင်တင်ပြမူများမဟုတ်ဘဲ အခြားတစ်နေရာမှကူးယူလာပါက

မူရင်း သတင်းရင်းမြစ်အား Credit  ပြည့်စုံစွာ ပေးရပါမည်။

(၄)
အားကစားကဏ္ဍ၌ မိမိအားပေးသောအသင်းစွဲများ ရှိနေခြင်းကြောင့် ဆိုင်တွင်းရှိ စားသုံးသူအချင်းချင်း

စိတ်ဝမ်းကွဲမူများ၊ Fan အချင်းချင်းမသင့်မြတ်ခြင်းများ မဖြစ်ပေါ်စေရန် အထူးဂရုစိုက်ရမည်။
တစ်ဘက်အသင်းကို ထိခိုက်စေသောစကား၊ ညစ်ညမ်းစွာပြောဆိုသောစကားများ ကို လုံးဝပြောဆိုခြင်းမပြုလုပ်ရန်။

(၅)
မိမိတင်ပြလိုသော Highlight နှင့် အခြားဗီဒီယို ကလစ်များကို ကောင်းမွန်စွာနှင့် အဆင်ပြေပြေကြည့်ရူနိုင်ရန်
မြန်မာပြည်တွင်းရှိ လက်ဖက်ရည်သောက်သုံးသူများ အဆင်ပြေစေနိုင်မည့် Link များဖြင့် ကူညီကြပါ။

(၆)
Post တင်သော မန်ဘာအနေဖြင့် ဆိုင်တွင်းရှိ စားပွဲထိုး(မော့ဒ်ဒရေတာ)များအား အဆင်ပြေစေရန်အတွက် အမှားအယွင်းနည်းစွာ ပို့စ်တင်ခြင်းဖြင့် ဆိုင်အတွင်း၌ ပျော်ရွှင်၊လွတ်လပ်စွာ မျှဝေပေးကြပါ။ တခြားဆိုက်များမှ တိုက်ရိုက်လင့်များဖြင့် ဆိုင်အတွင်းပို့စ်တင်ခြင်းအား ခွင့်မပြုပါ။

(၇)
အထက်ပါ စည်းကမ်းများအပြင် ၊ နောင် ခေတ်နှင့်လျော်ညီစွာ ထုတ်ပြန်မည့်စည်းကမ်းများအား ဆိုင်တွင်းရှိအားကစားဝါသနာရှင် မန်ဘာများမှလိုက်နာပေးပါရန်။
 
                                                Sport Club - Myanmar Teashop

« Last Edit: April 22, 2011, 07:03:41 PM by Karl Marx »
 Just a test item!  Allows access to Games Room for 1 days