Author Topic: လေထန်ကုန်းတွင် လာရောက် လေတိုက်ကြသူ မိတ်ဟောင်းမိတ်သစ်များ သိရှိစေရန် (Read 1924 times)

0 Members and 1 Guest are viewing this topic.

April 17, 2011, 06:57:59 PM
  • Law has no skin and reason has no nostrils.
  • Retired Moderator
  • *
  • Thank You
  • -Given: 1443
  • -Receive: 2121
  • Join Date: 12 Apr 2011
  • Posts: 176
  • Credit : 2416 $
  • View Inventory
  • Send $/Gift
  • Country: 00
  • အသိဥာဏ်ပညာ မရှိဘဲနဲ့ တရားမျှတမှုဆိုတာ မရှိနိုင်ဘူး.
လေထန်ကုန်းသို့လာရောက်ကြသော မိတ်ဆွေအပေါင်းတို့ခင်ဗျား

မိတ်ဆွေများအနေဖြင့် လေထန်ကုန်းရှိ စားပွဲဝိုင်းများတွင် ၀င်ရောက်၍ လေမတိုက်မီ၊ လေတိုက်ရန် ခေါင်းစဉ်များမတပ်မီ ဤစည်းကမ်းချက်လေးများကို လေ့လာဖတ်ရှုပြီး ဆောင်ရန်ရှောင်ရန်များကို လိုက်နာခြင်းဖြင့် ကျွန်တော်များ ဆိုင်ရှင်၊ မန်နေဂျာ၊ စားပွဲထိုး အစရှိသော ဆိုင်ဝန်ထမ်းများကို တစ်တပ်တစ်အားဝိုင်းဝန်းကူညီ ပေးကြပါခင်ဗျား။

(၁)။ ဤလေထန်ကုန်းတွင် လွတ်လပ်စွာလေတိုက်နိုင်ပါသည်။ သို့သော် ရန်မီးမွှေးသောစကားလုံးများ၊ အပြာရောင်သန်းသောစကားလုံးများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများ၊ ရင့်သီးသော အသုံးအနှုန်းများ၊ အလွန်အကျွံ ဝေါဟာရ ဒေါသသင့်သော စကားလုံးများ သုံးစွဲခြင်းကိုရှောင်ရှားပေးကြပါရန်နှင့် အကယ်၍ သုံးစွဲလာသည်ကိုတွေ့ရှိပါက သတိပေးခြင်းမှအစပြု၍ လက်ဖက်ရည်ဆိုင်ထိုင်ခွင့်ပိတ်ပင်သည်အထိ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိစွန်းသော အသုံးအနှုန်းများကိုလည်း သင့်တော်သလို ပြင်ဆင်သွားပါမည်။

(၂)။ လေထန်ကုန်းတွင် ပြဿနာဖြစ်ပွားသည့်အခါ စားပွဲထိုးများ၊ မန်နေဂျာများ မှသင့်တော်သလို ၀င်ရောက်ဖြန်ဖြေ ဖြေရှင်းပေးမည်။ ထိုသို့ဖြေရှင်းရာတွင် မရှင်းလင်း သည်ရှိပါက၊ စိတ်တိုင်းမကျပါက သက်ဆိုင်ရာစားပွဲဝိုင်း(တော့ပစ်)တွင် အပြုသဘောဖြင့် ဆွေးနွေးမေးမြန်းနိုင်ပါသည်။ သို့သော် ဆိုင်ဝန်ထမ်းများကိုဖြစ်စေ၊ သောက်သုံးသူ လေထန်ကုန်းဝိုင်းတော်သား တစ်ဦးတစ်ယောက်ကိုဖြစ်စေ စော်ကားတိုက်ခိုက်ခြင်းကို ခွင့်မပြုပါ။

(၃)။ မိမိစတည်လိုက်သောရေနွေးအိုးလေး (တော့ပစ်) အစဉ်နွေးထွေးနေရန် တာဝန်ယူစေလိုပါသည်။ (မိမိမှ စတင်ဆွေးနွေးသော အကြောင်းအရာ၊ တော့ပစ်နှင့်ပတ်သက်၍တတ်နိုင်သမျှ တာဝန်ယူပေးကြဖို့ မေတ္တာရပ်ခံလိုပါသည်။)

(၄)။ လေထန်ကုန်းတွင် မိန်းကလေး၊ ယောက်ျားလေး ရောထွေးနေသည့်အလျောက် တယောက်နှင့်တယောက် စနောက်မှုများ၊ အပြန်အလှန် အခြေအတင်ဆွေးနွေးသည့်ရေနွေးအိုး (တော့ပစ်) များ ရှိလာနိုင်သည့်အတွက် ထိန်းထိန်းသိမ်းသိမ်းနှင့် စနောက်ခြင်း၊ အပြန်အလှန်ဆွးနွေးခြင်းများ ပြုစေလိုပါသည်။

(၅)။ လေထန်ကုန်းသည် လေထန်ကုန်းသာဖြစ်သည်။ နိုင်ငံရေးတရာဟောစင်မြင့်မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံရေးလှုံ့ဆော်မှုဆန်သော၊ အလွန်အကျွံဖြစ်သော နိုင်ငံရေးဆွေးနွေးမှုများကို ခွင့်မပြုပါ။ ပြည်တွင်းမန်ဘာများပါ ၀င်ရောက်သုံးစွဲနေပါသဖြင့် နိုင်ငံရေးနှင့် ပတ်သတ်သော လှုံ့ဆော် ဆွေးနွေးပြောဆိုမှုများကို မသင့်တော်ဟုယူဆပါက လိုအပ်သလို ပြင်ဆင်၊ ဖျက်သိမ်းခြင်းများ ပြုလုပ်သွားပါမည်။

(၆)။ ဘာသာရေးနှင့်ပတ်သက်သော ဆိုင်းဘုတ် (တော့ပစ်)များ လေထန်ကုန်းတွင်ချိတ်ဆွဲခွင့်မပြုပါ။ လေထန်ကုန်းသည် လူမျိုးစုံ ဘာသာစုံ လာသောနေရာဖြစ်သည်။ ဘာသာရေးနှင့်ပတ်သတ်သော အပြုသဘောဆောင်သည့်ဆွေးနွေးမှုများကို ဘာသာရေးတော့ပစ်အောက်တွင် ဆွေးနွေးနိုင်ပါသည်။ သူတပါး၏ ဘာသာရေးနှင့်ပတ်သတ်ပြီး တိုက်ခိုက်လှောင်ပြောင်ရှုံ့ချခြင်းမျိုး လုံးဝခွင့်မပြုပါ။

(၇)။ ရေနွေးအိုး/စားပွဲဝိုင်း(တော့ပစ်)များ မထပ်စေရန်အထူးဂရုစိုက်ပေးပါ။ အရသာတူနေသော(ထပ်နေသော) ရေနွေးအိုး(တော့ပစ်)များ၊ သံတူကြောင်းကွဲတော့ပစ်များအား သင့်တော်သလို ပေါင်းသွားမည်ဖြစ်ပါသည်။

(၈)။ အထက်ပါစည်းကမ်းများသည် နိုင်ငံတကာလေထန်ကုန်းများတွင် အများအားဖြင့် ကြုံတွေ့နေရသောပြဿနာများကို အခြေခံကာ ကျွန်တော်များလေထန်ကုန်းတွင် မုန်တိုင်းမထန်စေရန် ကြိုတင်ကာကွယ်ထားမှုမျှသာဖြစ်ပါသည်။ ဤလေထန်ကုန်းတွင် အခြေအနေနှင့် အချိန်အခါကိုလိုက်၍ ခါတော်မှီစည်းကမ်းများ အခြေအနေ အချိန်အခါ အပေါ်မူတည်၍ ထုတ်ပြန်သည့်အခါ မိတ်ဆွေများမှ အထူးလေးစားလိုက်နာပေးကြခြင်းအားဖြင့် ဆိုင်ဝန်ထမ်းများအား တဘက်တလမ်းမှ ကူညီပံ့ပိုးပေးကြစေလိုပါသည်။


လေးစားစွာဖြင့်
Jose Rizal
Global Moderator (Waiter)

« Last Edit: April 18, 2011, 12:08:54 PM by Scorpion »
To Foretell The Destiny Of A Nation, It Is Necessary To Open The Books That Tells Of Her Past.

Dr. Jose Rizal