Author Topic: Book Cafe`မှ ကြိုဆိုပါ၏ (Read 2421 times)

0 Members and 1 Guest are viewing this topic.

April 17, 2011, 01:30:47 AM
  • Waiter (Global Moderator)
  • ****
  • Thank You
  • -Given: 3536
  • -Receive: 5887
  • Join Date: 11 Apr 2011
  • Posts: 205
  • Credit : 9562 $
  • View Inventory
  • Send $/Gift
  • Country: 00
မင်္ဂလာပါ ခင်ဗျာ....

ကျွန်တော်တို့ရဲ့ လက်ဖက်ရည်ဆိုင်း အတွင်းရှိ စာအုပ် စာတမ်းများကို စာပေ၀ါသနာပါသူ ညီအစ်ကို မောင်နှမများ လွယ်လွယ်ကူကူ ဖတ်ရှုနိုင်ရန်အတွက် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

စာကြည့်တိုက်အတွင်းရှိ စာအုပ် စာတမ်းအများစုကို အခြား အင်တာနက် စာကြည့်တိုက်များ၊ မြန်မာဖိုရမ်များ၊ ဘလောဂ့်များနှင့် ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်အတွင်းရှိ သောက်သုံးသူများက ကျေးဇူးပြုကြပါသည်။

စာအုပ် စာတမ်းများ၏ ထုတ်ဝေသူ မူပိုင်ရှင်နှင့် စာရေးဆရာများ၏ မူပိုင်ခွင့်ကို လေးစားသောအားဖြင့် ပြန်လည် ပုံနှိပ် ထုတ်ဝေ၍ အခကြေးငွေဖြင့် ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ မိတ္တူပွား၍ ဖြန့်ချီခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံပါသည်။

ကိုယ်တိုင် ရိုက်တင်သော စာအုပ်စာတမ်းများအတွက် အခြားအခြားသော ဖိုရမ်များ ဘလောဂ့်များတွင် မိမိကိုယ်တိုင် ရိုက်တင် ဖေါ်ပြပြီးသား ဖြစ်ပါက ထို တင်ထားပြီးသော နေရာကို ညွှန်ပြပေးစေလိုပါသည်။

မိမိကိုယ်တိုင် ရိုက်တင်ဖန်တီးသော စာအုပ်မဟုတ်ပဲ အခြားနေရာက ယူဆောင်လာသော စာအုပ်စာတမ်းများဖြစ်ပါက ကိုယ်တိုင်ရိုက်တင်သော နေရာတွင် မထားရှိစေလိုပါ။ အခြား သင့်တော်သော နေရာများတွင် ထားမည် ဆိုပါလျှင် မိမိယူဆောင်လာသော နေရာကို အတိအကျ ညွှန်ပြပေးစေလိုပါသည်။ ထိုသို့သော စာအုပ်များကို လက်ဖက်ဆိုင်မှ ပီဒီအက်အဖြစ် ထုတ်ဝေခြင်း ပြုမည် မဟုတ်ပါ။

စာအုပ်တောင်းသူ ပေးသူများအတွက် မေတ္တာရပ်ခံလိုသည်မှာ... တောင်းသူက တောင်း၍ ပေးသူက ပေးကြရာတွင် မိမိလိုချင်သော စာအုပ် ရရှိပြီးပါက ပို့စ်ဖောင်းပွမှု မဖြစ်စေရန် စာအုပ်ပေးသော ပို့စ်များကိုသာ ချန်ထား၍ စာအုပ်တောင်းသော ပို့စ်များကို ဖျက်သိမ်းသွားပါမည်။

လေးစားစွာဖြင့်

SanNaGote