Welcome to Myanmar Online Tea Shop
Please
login
or
register
.
1 Hour
1 Day
1 Week
1 Month
Forever
Home
Help
Chat
Login
Register
Shop
Shop Admin
Myanmar Online Tea Shop
Welcome!
Rules and Regulation ( Request from Our Tea Shop )
Music board အတွက် သိရှိလိုက်နာရန်
« previous
next »
Print
Pages: [
1
]
Go Down
Author
Topic: Music board အတွက် သိရှိလိုက်နာရန် (Read 1926 times)
0 Members and 1 Guest are viewing this topic.
April 16, 2011, 11:59:48 AM
Yuri
Retired Moderator
Thank You
-Given: 2178
-Receive: 851
Join Date: 13 Apr 2011
Posts:
96
Credit : 5272 $
View Inventory
Send $/Gift
Country:
Music board အတွက် သိရှိလိုက်နာရန်
မင်္ဂလာပါခင်ဗျာ
Music board တွင် ဖတ်ရှုရေးသားကြရာမှာ အောက်ပါအချက်များကို သိရှိလိုက်နာပေးကြပါခင်ဗျာ။
၁။
သီချင်းရှာဖွေလိုပါက
(သီချင်းတောင်းလိုသည်ဖြစ်စေ၊ မျှဝေလိုသည်ဖြစ်စေ) သက်ဆိုင်ရာကဏ္ဍအလိုက် ဖွင့်ထားသော မာတိကာမှတဆင့် ဦးစွာရှာဖွေပြီး မတွေ့ရှိမှသာ တောင်းခြင်း၊ မျှဝေခြင်းတို့ကို ပြုလုပ်ပေးကြပါ။ (မာတိကာကို ယာယီအားဖြင့် ဖြုတ်ထားပါတယ်။ မကြာမီ ပြန်လည်ထည့်သွင်းသွားပါမယ်။)
၂။
သီချင်းတောင်းဆိုသူများ
အနေနဲ့ သီချင်းတောင်းဆိုရန် ဖွင့်လှစ်ထားသော တော့ပစ်အောက်တွင်သာ တောင်းဆိုခြင်းပြုပေးကြပါ။ download link သေနေသဖြင့်အသစ်တောင်းခြင်း၊ link ချိန်းပေးရန်တောင်းဆိုခြင်းများကိုလည်း သီချင်းတောင်းရန်တော့ပစ်တွင်သာ ရေးသားပေးကြပါ။
၃။
သီချင်းတင်သော တော့ပစ်များအောက်တွင်ရှိနေသည့် သီချင်းတောင်းပိုစ့်များ၊ link အသစ်တောင်းသောပိုစ့်များကို အခါအားလျော်စွာဖျက်သိမ်းသွားပါမယ်။
၎။ သီချင်းတပုဒ်/တစ်ခွေတည်းကို အချိန်တိုအတွင်း ထပ်ခါထပ်ခါ တောင်းဆိုခြင်း၊ တော့ပစ်အနှံ့တောင်းခြင်းမျိုးကို မပြုလုပ်စေလိုပါ။
၅။ သီချင်းမျှဝေသူများအနေဖြင့် အများစုသော မန်ဘာများအဆင်ပြေစေမည့် download hosting များ (mediafire/ ifile)တွင် ဦးစားပေးတင်စေလိုပါတယ်။
၆။ ကူးယူလာသော (အထူးသဖြင့် အခြားမြန်မာဆိုက်များမှ) download link များ၊ ပိုစ့်များအတွက် သက်ဆိုင်ရာဆိုက်/မန်ဘာကို မပျက်မကွက် credit ပေးဖို့လိုပါတယ်။
၇။ သီချင်းမျှဝေသူများအနေနဲ့ (သီချင်းတစ်ပုဒ်ချင်း မျှဝေရာမှလွဲပြီး) အခွေလိုက်မျှဝေရာမှာ သီချင်းတောင်းသော တော့ပစ်အောက်တွင်မျှဝေခြင်း လုံးဝမပြုလုပ်ပါရန် အသိပေးအပ်ပါတယ်။ သက်ဆိုင်ရာအဆိုတော်/ genre အလိုက်ဖွင့်ထားသော တော့ပစ်အောက်တွင်သာမျှဝေပြီး မျှဝေထားသော ပိုစ့်ရဲ့linkကို သီချင်းတောင်းရန်တော့ပစ်အောက်တွင် ပိုစ့်တင်ပေးစေလိုပါတယ်။
၈။ သီချင်းများကို တော့ပစ်ဖွင့်ရာတွင် အဆိုတော်နာမည်အလိုက် နှင့် genre/ categories အလိုက်စသည်ဖြင့် ခွဲနိုင်သော်လည်း ပိုစ့်တင်သူမန်ဘာ၏ collector’s choice မျိုးကိုမူ ရှောင်ရှားစေလိုပါသည်။ (ဥပမာ။ ။မောင်ဘ၏ စိတ်ကြိုက်သီချင်းများစုစည်းမှု၊ မနီ၏ pop collection စသည်ဖြင့် မပြုလုပ်စေလိုပါ)
၉။ သီချင်းမျှဝေသူများအနေနှင့် သီချင်းခွေများမျှဝေရာတွင် အောက်ပါအချက်များကို အတတ်နိုင်ဆုံး ဂရုပြုလိုက်နာစေလိုပါတယ်။
Subject နေရာကို မပျက်မကွက် ဖြည့်စွက်ရန်။ အောက်ပါအစီစဉ်အတိုင်းဖြည့်စွက်ပေးပါ။
Subject: အဆိုတော် - သီချင်းခွေအမည် (ခုနှစ်)
ဥပမာ။ ။ ထူးအိမ်သင် - စကားလုံးမရှိတဲ့ကောင်းကင် (၁၉၉၅)၊
Linkin Park - A Thousand Suns (2010)
သီချင်းခွေကာဗာထည့်ပေးပါ
Track list ထည့်ပေးပါ
(မြန်မာသီချင်းခွေ အများစုအတွက် အခွေကာဗာနဲ့ ခုနှစ်ထည့်သွင်းရန် အခက်ခဲရှိနိုင်တဲ့အတွက် အဆင်မပြေပါက ချန်လှပ်ထားခဲ့နိုင်ပါတယ်။)
၁၀။ ဂီတအကြောင်းဆွေးနွေးရာတွင် သီချင်းခွေများ မျှဝေသည့် တော့ပစ်များအောက်တွင်း မဆွေးနွေးဘဲ News & Discussion အောက်တွင်သာ ဆွေးနွေးပေးကြပါ။
၁၁။ ဂီတအကြောင်းဆွေးနွေးရာတွင် ပြဿနာသို့ ဦးတည်စေနိုင်သော ငြင်းခုန်မှုများကို အတတ်နိုင်ဆုံးရှောင်ရှားပေးကြပါ။
အထက်ပါစည်းကမ်းတွေဟာ Music board သို့လာရောက်ပြီး သီချင်းရှာသူများ၊ မျှဝေသူများအတွက် ရေရှည်တွင် အဆင်ပြေပြေ အလွယ်တကူသီချင်းရှာနိုင်၊ မျှဝေနိုင်ရန် ရည်ရွယ်ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ လိုက်နာရန်ပျက်ကွက်ခဲ့ပါက လက်ဘက်ရည်ဆိုင် ၀န်ဆောင်မှုအဖွဲ့မှ အခါအားလျော်စွာ ပိုစ့်များကိုပြင်ဆင်ဖျက်သိမ်းခြင်း၊ ပိုမိုဆိုးရွာလာပါက သတိပေးအရေးယူခြင်းအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခါအားလျော်စွာ boards များပြင်ဆင်ခြင်း၊ စည်းကမ်းချက်ပြင်ဆင်ဖြည့်စွက်ခြင်းများကို ပြုလုပ်သွားမည် ဖြစ်ပါတယ်။ မရှင်းလင်းသည်များရှိပါက Feedback counter မှာ မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
Yuri
«
Last Edit: April 16, 2011, 03:32:55 PM by Yuri
»
Share
Print
Pages: [
1
]
Go Up
« previous
next »